မြောက်ဦး  နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးနှင့် မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စုရပ် ၅ နေရာ၌ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ  ဝန်ထမ်းများက မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများ ဖြစ်သော အလယ်ဈေး ရပ်ကွက်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်သားဖွားခန်း၊ မြို့နယ်ဆေး ရုံဟောင်း၊ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ညောင်ပင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ တောင်ရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစသော စုရပ်နေရာများ၌ အသက်တစ်နှစ်အောက် ကလေး ငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ (ရိုတာ) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဦးနှောက် အမြှေးပါးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက် ဂျိုက်သိုးစသည့် ကာကွယ်ဆေးရှစ်မျိုးအား ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကာကွယ် ဆေးလာရောက် ထိုးနှံသည့်  ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင်နှင့် ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ 

ခင်မောင်ထွန်း(ပြန်/ဆက်)