မြောက်ဦး  ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရတနာ့မာရ်အောင်ကျောင်းတိုက်မှ မြောက်ဦးဆရာတော်ကြီး ဝနဝါသီ အရှင်ဝါယာမိန္ဒ ဦးစီးလျှက် ရခိုင်ပြည်နယ်လုံးကျွတ် အောက်ဆီ ဂျင်လုံလောက်စွာရရှိစေရေးနှင့်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် စက်ရုံအတွင်းရှိစက်ကိရိယာများ စမ်းသပ်လည်ပတ် မှုကို  ယနေ့ နံနက် နာရီက ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များတို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထို့နောက် မြောက်ဦးခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဌ ဦးကောင်းမြတ်နိုင်က အောက်ဆီဂျင်လုံလောက်စွာထုတ်လုပ်ရရှိနိုင်ရေးနှင့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာ ကွယ်နိုင်ရန်၊  အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေး နိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံအတွင်း၌ စက်ပစ္စည်းများတပ်ဆင်နေမှု အခြေ အနေများနှင့် အောက်ဆီဂျင်စက်စတင်စမ်းသပ်မောင်းနှင်လည်ပတ်နေမှု အခြေအနေများအား  လှည့်လည်ကြည့်ရှုကြပြီးနောက် လိုအပ်သည်များပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပေါင်း စပ် ညိှနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယခုတည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံမှာ အလျား(၅၀) ပေ၊ အနံ (၂၀)ပေနှင့်အမြင့် (၁၈)ပေရှိ RC တစ်ထပ်အဆောက်အဦးဖြစ်ကာ တစ်နေ့ လျှင် အောက်ဆီဂျင်(၄၀)လီတာဆန့် အောက်ဆီဂျင်ဗူး(၄၀)ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ အနီး ပတ်ဝန်းကျင်ရှိမြို့နယ်များဖြစ်သော ပုဏ္ဏားကျွန်း၊ ယိုးတရုတ်၊ ကျောက်တော်အပေါက်ဝ၊ တိန်ညို၊ ပန်းမြောင်း၊ မြောင်းဘွေ၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့်ကမ်းထောင့်ကြီးမြို့နယ်များရှိ မြို့နယ် ပြည်သူ့ဆေးရုံများတွင် လာရောက်ဆေးကုသမှုခံယူနေသော လူနာများနှင့်ပြင်ပမှ အရေးပေါ် လူနာများနှင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်ချက်များ အားအချိန်နှင့် တစ်ပြေးညီကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နန်းရိပ်ဂုရုဏာအောက်ဆီ ဂျင်အခမဲ့ကူညီရေးအသင်း ဉက္ကဌ ဦးမောင်းဝင်းချေထံမှ သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)