မြောက်ဦး ဧပြီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီက စတင်ကာ စာစစ်ဌာန(၇)ခု၌ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၃၈၈ ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၆၁၄ ဦးရှိပြီး အ.ထ.က ထမ္မရာဇ်မြို့သစ် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ၆၆၆ ဦး၊ အ.ထ.က(၂) စာစစ်ဌာနတွင် ၃၆၃ ဦး၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁) စာစစ်ဌာနတွင် ၃၆၄ ဦး၊ အ.ထ.က(ခွဲ)၊ အ.လ.က(၃) စာစစ်ဌာနတွင် ၂၂၇ ဦး၊ အ.ထ.က(မြောင်းဘွေ) စာစစ်ဌာနတွင် ၂၈၃ ဦး၊ အ.ထ.က(တိမ်ညို) စာစစ်ဌာနတွင် ၂၇၆ ဦး၊ အ.ထ.က(ကျီရာပြင်) စာစစ်ဌာနတွင် ၂၀၉ ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၂၃၈၈ ဦးရှိကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)