မြောက်ဦး ၂၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ငမဲပြင်ကျေးရွာအုပ်စု၊ ခမောင်းတက် ကျေးရွာနေ မခိုင်မိုးရွှေက ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မြောက်ဦး ပြည်သူ့ ဆေးရုံကြီးအတွင်း၌ ကျား(၁)ဦး၊ မ(၂)ဦးစုစုပေါင်း ကလေး(၃)မြွှာပူးအား ကျန်းမာစွာဖြင့်မွေးဖွား ပေးနိုင်ခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌ ဒေါ်စောညွန့်တို့က မြို့နယ်ပြည်သူ့ဆေးရုံရှိ အမျိုးသမီး မွေးဖွားဆောင်သို့ သွားရောက်ပြီး ကလေး(၃)မြွှာပူး မွေးဖွားသူ မခိုင်မိုးရွှေနှင့် တွေ့ဆုံကာ မိခင်နှင့် မွေးဖွားခဲ့သောကလေးငယ်များ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် သွားရောက် အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ဦးမြို့ နန်း ရိပ်ကရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းတို့မှ မိခင်နှင့်ကလေးငယ်များအတွက်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၀၀၀၀၀) နှင့် ထောက်ပံ့ပစ္စည်းများဖြစ်သည့် စောင် (၃) ထည်၊ ခေါင်း အုံး(၂)လုံး၊ ခြင်ထောင်(၁)လုံး၊ ကတ္တီပါအခင်း(၁)ထည်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask (၅၀) ခုနှင့် လက်သန့်ဆေးရည်(၁)ဘူး တို့အား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


