မြောက်ဦး ဧပြီ ၂၅

 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာတွင်းလမ်းများ ရေရှည်ပိုမိုကောင်းမွန်ခိုင်ခံ့စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

 

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၉ ခု၊ မြေ ကျေးရွာတွင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၁ ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၁၀ ခုကို VDP စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၀၀၊ ပြည်သူ့ထည့်ဝင်ငွေ ကျပ်သန်း ၂၀ စုစုပေါင်း ငွေကျပ် သန်း ၁၂၀ ဖြင့် ကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၀ ရွာရှိ အိမ်ခြေ ၁၇၀၉ အိမ်၊ လူဦးရေ ၈၃၂၈ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးဘစောထံမှ သိရှိရသည်။

 

ကိုသန်း