မြောက်ဦး စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်း ဆက်လက်ဆောင်ရွက်မည့် ကျေးရွာလေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကော်မတီဝင်များမှကြီးကြပ်၍ ကျေးရွာကော်မတီများမှတစ်ဆင့် အသင်းဝင်ပြည်သူများထံသို့ အဆိုပါချေးငွေများအား ပြန်လည်ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စီမံကိန်းကျေးရွာများဖြစ်သည့် လင်္ကျာကျေးရွာမှ အသင်းဝင် ၁၂၆ ဦးကို ပဉ္စမအကြိမ်မြောက် ချေးငွေကျပ် ၃၇၆ သိန်းအားလည်းကောင်း၊ ပညာသည်ကျေးရွာမှ အသင်းဝင် ၁၂၆ ဦးကို စတုတ္ထအကြိမ်မြောက် ချေးငွေကျပ် ၃၆၅ သိန်းအားလည်းကောင်း၊ ကျီ ချောင်းကျေးရွာနှင့် လက်ပန်တောကျေးရွာတို့မှ အသင်းဝင် ၉၇ ဦးကို တတိယအကြိမ်မြောက် ချေးငွေကျပ် ၃၄၀ သိန်းအားလည်းကောင်း ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်သည်။
အဆိုပါချေးငွေများကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အတိုးအရင်း ချေးငွေများအား ပြန်လည်ပေးဆပ်ခြင်း၊ ပြန်လည်ထုတ်ပေးခြင်းများပြုလုပ်နိုင်ရန်အတွက် ချေးငွေ လျှောက်လွှာ၊ အတည်ပြုလွှာနှင့် ချေးငွေစာချုပ်များပြုလုပ်၍ မြို့နယ်မြစိမ်းရောင် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီထံသို့တင်ပြပြီး မြို့နယ်ကော်မတီဝင်များမှ စနစ်တကျ စိစစ်ကာ အရင်းပြန်လည်ပေးဆပ်ခြင်း၊ အတိုးအရင်းရငွေများအား ထုတ်ချေးခြင်းကို ကျေးရွာကော်မတီများမှတစ်ဆင့် အသင်းဝင်များထံသို ပြန်လည်ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ယခုလိုထုတ်ချေးပေး ခြင်းသည် ပြန်လည်ပြုပြင်ထားသည့် မြစိမ်းရောင်စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ ထံမှ သိရှိရသည်။
တင်ဝင်း(ပြန်/ဆက်)