မြောက်ဦး ၂၁ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် ခိုလှုံရာကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိကာခိုလှုံနေကြသောပြည်သူများကို မိုးရာသီတွင် အဆင်ပြေနေထိုင်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်လျှက်ရှိသော အဆောက်အဦများ ဆောက်လုပ်နေမှုကို ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ဇွန်လ ၁၉ ရက် နံနက်၁၀ နာရီအချိန်က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း ဦးဆောင်ကာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် မြို့မိ၊မြို့ဖများက အောင်ချမ်းသာဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသော ကယ်ဆယ်ရေးစခန်းများပြီးစီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးရာကုမ္ပဏီ မှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါကယ်ဆယ်ရေးစခန်းကို မြောက်ဦးမြို့နယ် နန်းကျကျေးရွာတွင် တည်ဆောက်လျှက်ရှိပြီး လူနေဆောင် ၁၂၅ ဆောင်၊ နှစ်ခန်းတွဲအိမ်သာ ၁၀ဝ လုံး၊ စားဖိုဆောင် ၃ ဆောင်ပါရှိပြီး အဆောက်အဦ၏ အလျားမှာ ပေ ၁၀ဝ နှင့် အနံ ပေ ၃၀ ဖြစ်ကာ တည်ဆောက်မှုများပြီးစီးပါက အိမ်ထောင်စု ၂၅၀ဝ ကျော်နေထိုင် နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
MDN
