မြောက်ဦး ၁၇ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အခက်ကြုံတွေ့နေရသော မိသားစုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် တာဝန်ရှိဝန်ထမ်းများက သဘာဝဘေးအန္တ ရာယ် ကြုံတွေ့ခဲ့ရသော ရပ်ကွက်၊ကျေးရွာများဖြစ်သည့် ဗန္ဓုလရပ်ကွက်၊ အလယ်ဈေးရပ်ကွက်၊ ငမဲပြင်ကျေးရွာ၊ ပါးတော်ကျေးရွာ၊ လက်ပန်တောကျေးရွာ အစရှိသည့် ကျေးရွာများမှ အိမ်ထောင်စု ၁၁၃ စုရှိ လူဦးရေ ၄၈၇ ဦးအတွက် ဆန်ရိက္ခာ ၁၄ ရက်စာဖိုး ထောက်ပံ့ငွေကျပ်သိန်း ၂၀၄၅၄၀ဝိ/- ကျပ်အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမောင်သာစိန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အလားတူ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အခက်ကြုံတွေ့နေရသော ရပ်ကွက်ကျေးရွာ (၂၅)ရွာမှ အိမ်ထောင်စု ၆၂၇ စုရှိလူဦးရေ ၂၈၈၀ အတွက် ဆန်ရိက္ခာ ၁၄ ရက်စာဖိုး ထောက်ပံ့ငွေ ကျပ်သိန်း ၁၂၀၉၆၀ဝဝ ကျပ်အား မင်းပြားမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီ ဉက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်ဆက်မှ သိရှိရသည်။
MDN


