မြောက်ဦး ၂၂ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ မြောက်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၅၀ဝ၀ ကို ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မြောက်ဦးမြို့နယ်၊ မြို့မပျိုးဥယျာဉ်၌ ဒေသနှင့်ကိုက်ညီ သည့် ကျွန်းပင် ၂၂၀ဝ ပင်၊ ပျဉ်းကတိုး ၃၂၀ဝ ပင်၊ မဟော်ဂနီ ၂၂၀ဝ ပင်၊ မန်ဂျန်ရှား ၉၂၀ဝ ပင်၊ မယ်ဇလီ ၂၂၀ဝ ပင်၊ ယူကလစ် ၄၄၀ဝ ပင်၊ သင်္ကန်းနက် ၂၀ဝ၀ ပင်၊ စုစုပေါင်းပျိုးပင် ၂၅၀ဝ၀ တို့ကို ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးပင်များကို ဒေသခံပြည်သူများအပြင်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများကိုလည်း စိုက်ပျိုးနိုင်ရန် မေလ နောက်ဆုံးအပါတ်တွင် စတင်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ ၎င်းအပြင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင်လည်း ပျိုးပင်တစ်မျိုးလျှင် အပင် ၂၀ဝ နှုန်းဖြင့် ပျိုးပင် ၆ မျိုး စုစုပေါင်း ပျိုးပင် ၁၂၀ဝ ကို ဌာနဆိုင်ရာ အဖွဲ့စည်းများနှင့်ပူးပေါင်းကာ စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင့်ဇော်လွင် ထံမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


