မြောက်ဦး ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့် ကုလားချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


