မြောက်ဦး ၃ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံ လိုက်ချီးသီးများကို သင်္ကြန်ကျပြီး နောက်ပိုင်း ဧပြီလ နောက်ဆုံးပတ်မှစတင်ကာ ခူးဆွတ်ကောက်ယူပြီးဈေးကွက်အ တွင်းသို့ အလျင်အမြန် ရောင်းချလာသော်လည်း ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးများ ကျဆင်းလာသည့်အတွက် ယခင်နှစ်များကထက် ဝယ်ယူသူနည်းပါး လျှက်ရှိကာ ဈေးလျှော့ရောင်းချ နေရကြောင်း လိုက်ချီးသီးလာရောင်းသူ တောင်သူများထံမှသိရ သည်။
ယခုအချိန်တွင် လိုက်ချီးသီးမှာ အနည်းငယ် ထွက်နှုန်းနည်း နေသေးသော်လည်း မေလအလယ်လောက်တွင် လှိုင်လှိုင်ပေါများလာမည်ဖြစ်ကာ မိုးတစ်ကြိမ်ခန့် ရွာပြီးနောက်ပိုင်းတွင် အရည်ရွမ်းပြီး ပိုမိုချိုမြိန်ကာ အရသာရှိလာမည်ဖြစ်သည်။ လိုက်ချီးပင်တစ်ပင်တွင် တစ်ခိုင်လျှင်အလုံးရေ ၃၀ မှ ၆၀ ကြားသီးပြီး အသီးအောင်မြင်သည့်နှစ်များတွင် အများဆုံး ၈၀ လုံးထိအသီးပါရှိကြောင်း၊ လိုက်ချီးသီး များအား ယမန်နှစ်များက ၁၀ဝ လုံးပါတစ်အိတ်လျှင် ငွေကျပ်အနည်းဆုံး ၆၀ဝ၀ မှ ၇၀ဝ၀ ကျပ်အတွင်း ရောင်းချနိုင်ခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဂရက်ကြောင့် ပြည်တွင်း ဘုရားဖူး ခရီးသွား ပြည်သူများနှင့် နိုင်ငံခြားသား ဧည့်သည်တော်များ လာရောက်လည်ပတ်မှု နည်းပါးနေ၍ ယခင်နှစ်များထက် ဈေးလျှော့ကာရောင်းချနေရကြောင်း လိုက်ချီးခြံပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


