မြောက်ဦး ဇွန် ၂၇

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် အလယ်ဈေးတံတား Check Point နှင့် ထမ္မရာဇ်ရပ်ကွက်၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးရှေ့ Check Point () ခုဖွင့်လှစ်ပြီး ယနေ့ နံနက် နာရီကစတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

 

mdn

 

ဆက်လက်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှု မြင့်မားနေချိန်တွင် မြောက်ဦးမြို့နယ်အတွင်း ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မြို့အဝင်၊ အထွက်ဂိတ်များမှ သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် ဈေးဝယ်လာသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် သွားလာစေခြင်း၊ နှာခေါင်းစည်းများ မပါရှိသည့် ခရီးသွားများကို နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ လက်ကိုစနစ်တကျ ဆေးကြောတတ်စေရန် ပြသပေးခြင်းနှင့် Check Point ကျန်းမာရေး စစ်ဆေးမှု သတ်မှတ်နေရာများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည်အထိ ထားရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)