မြောက်ဦးမြို့ရှိ  အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မြောက်ဦး       ဇွန်       ၁၀

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ  အခြေခံပညာကျောင်းများမှ အသက် နှစ်နှင့် ၁၂ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ ပေးခြင်းကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်း စုရပ်များသို့ သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

 

မြောက်ဦးမြို့နယ်အနေဖြင့် ဇွန် ရက်အထိ ကျောင်းသား ကျောင်းသူ ၆၅၆၄ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီး ဆက်လက်၍လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မြင့်စိုး(ပြန်/ဆက်)