မြောက်ဦး နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး စေတီများတွင် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိ ကပ်လှူ ပူဇော်ခြင်းများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ ဖြစ်သည့် ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းထိုးတော်ကြီး၊ ထုက္ကန်သိမ် ပုထိုးတော်ကြီး၊ ရတနာပုံ စေတီတော်ရှိ အရန်စေတီတော်များ၌ ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ သျှစ်သောင်းဘုရားသို့ လာရောက်ကြသော မိဘပြည်သူများက ဘုရားရေချမ်းအိုး ကပ်လှူပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


