မြောက်ဦး ၂၈ စက်တင်ဘာ
ရခိုင်ပြည်နယ်အနှံ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာနေ့စဉ်နှင့်အမျှတိုးပွားလာလျက်ရှိ ရာ မြောက်ဦး မြို့တွင်လည်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၄ ဦးရှိပြီဖြစ်ပြီး ပြန်လည်သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူမှာ ၅၇ ဦးရှိနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
မြောက်ဦးမြို့နယ် အတွင်းတွင် Community Base Facility Quarantine ဝင်နေသူ ၂ ဦး၊ Home Quarantine ဝင်နေသူ ၂၁၄ ဦးနှင့် Hospital Quarantine ဝင်နေသူ ၁၁၄ ဦးရှိပြီး ၎င်းတို့အနက်မှ ရောဂါပိုးမတွေ့ရှိသဖြင့် အိမ်ပြန်ခွင့်ရရှိသည့် Home Quarantine ဝင်နေသူ ၅၇ ဦး ရှိကာ ကျန်ရှိနေသေးသည့် ၅၇ ဦးတို့၏အာခေါင်တို့ပတ် swab နမူနာများကိုရယူ၍ ဓါတ်ခွဲဌာနရှိ ရာသို့ ၂ ကြိမ်ပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများမှာ နေ့စဉ်နှင့်အမျှတိုးပွားလာ လျက်ရှိရာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အဓိကလိုက် နာရမည့် အချက် ၈ ချက်နှင့် ကာကွယ်ရေးနည်း လမ်းဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များအား လိုက် နာကြရန် အသံချဲ့စက်ဖြင့် အသိပေးလှည့်လည်နှိုးဆော်ပေးခြင်းများ၊ မဖြစ် မနေအပြင်သွားတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ ကိုအသုံးပြု၍ စက္ကန့် ၂၀ ကြာဆေးကြောကြရန် အသိပညာ ပေးပြော ကြားခြင်းများနှင့် နှာခေါင်းစည်းအခမဲ့ ဖြန့်ဝေပေးခြင်းများစသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မပြန့်ပွားမှုမရှိစေရေးကို အထူး အလေးထားကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)