မြောက်ဦးမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် အိမ်ခြေ ၁၄ လုံး မီးလောင်ဆုံးရှုံး

မြောက်ဦး ၁၇ ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့ လော်ကမူရပ် လော်ကမူဘုရားအနီးတွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့သဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစံထွန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ ဒေါ်ခိုင်ခိုင်ဝင်း နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ အနီးရှိ ဝါးထံရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀၊ မီးငြှိမ်းသတ်ယာဉ်သုံးစီးနှင့် ရေသယ်ယာဉ်နှစ်စီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများဖြင့် မီးငြှိမ်းသတ်ရာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် မီးလုံးဝငြိမ်းသွားပြီး မီးလောင်မှုကြောင့် အိမ်ခြေ ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးဘေးဒုက္ခသည်များအား လောကမာရ်အောင် ဘုရားသိမ်တွင် ယာယီနေရာချထားလျက်ရှိပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်ခိုင်ခိုင်ဝင်းအား မြောက်ဦးရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် (ပြန်/ဆက်)မှ သိရသည်။ 

 

MDN