မော်လိုက် ၂၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပွင့်လင်းမြင်သာစွာဖြင့် လွတ်လပ်စွာ ဆွေးနွေးကြရန်မှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဓမ္မစကူးလ် ဆရာမများ၊ ရပ်ကွက်အသီးသီးမှ အမျိုးသမီးများက အမျိုးသမီးများ၏ တန်းတူ အခွင့်အရေးရရှိရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများနှင့်စပ်လျဉ်း၍ မိမိ၏ အမြင်များအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဓမ္မစကူးလ်ဆရာမများ၊ ရပ်ကွက်အသီးသီးမှ အမျိုးသမီးငယ်များမှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး


