မော်လိုက် မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ်စာ၊ Grammer သင်တန်း တတိယမြောက်နေ့အဖြစ် မေ ၄ ရက် နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာ၊ Grammer သင်တန်းတွင် မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ(၃)ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဆရာမဒေါ်အေးမြတ်သီမှ Verb(ကြိယာ)အကြောင်းအား သင်ကြားပေးခဲ့ရာ ကျောင်းသား ကျောင်းသူ(၂၀)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ မေ ၂ ရက်နေ့မှ မေ ၂၃ ရက်နေ့ထိ ရက်သတ္တပတ်(၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး