နေပြည်တော် ၉ ဇူလိုင်
ယနေ့ နံနက် မြန်မာစံတော်ချိန် (၁၁)နာရီ (ဝ၀)မိနစ် (ဝ၁) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၉) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၅၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၃)ဒီဂရီ၊ အနက် (၁၀၂) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN