မော်လိုက် ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မော်လိုက်ခရိုင်အတွင်း အတည်ပြုချထားပေးသည့် ယစ်မျိုးလိုင်စင်ကတ်ပြားများ ပေးအပ်ပွဲကို ဧပြီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိ တ္တော်အရာရှိ) ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော်အရာရှိ) တို့က မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်စီများလက်ဝယ်သို့ ယစ်မျိုးကတ်ပြားများအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ(၃၁)ရက်နေ့ထိ (၁)နှစ်တာကာလအတွင်း မော်လိုက်မြို့နယ်တွင် ပုံသေလိုင်စင် (၄၅)ဆိုင်၊ လေလံလိုင်စင်(၁)ဆိုင် စုစုပေါင်း(၄၆)ဆိုင်၊ ဖောင်းပြင်မြို့နယ်တွင် ပုံသေလိုင်စင်(၂၉)ဆိုင်၊ လေလံလိုင်စင်(၁)ဆိုင် စုစုပေါင်း(၃၀)ဆိုင်၊ မော်လိုက်ခရိုင်အနေဖြင့် ပုံသေလိုင်စင်(၇၄)ဆိုင်၊ လေလံ လိုင်စင်(၂)ဆိုင် စုစုပေါင်း(၇၆)ဆိုင် အတည်ပြုချထားပေးခဲ့သဖြင့် ယနေ့တွင် ပုံသေလိုင်စင်(၇၄)ဆိုင် အတွက် ယစ်မျိုးလိုင်စင်အလိုက် လုပ်ငန်းလိုင်စင်ကတ်ပြားများကို လိုင်စင်(C)များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ်၌ မြို့နယ်အတွင်း အရက်သေစာသောက်ခြင်း အလေ့အထပြန့်ပွားခြင်း မရှိစေရေး၊ ယစ်မျိုးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်ရောင်းချမှုမရှိစေရေး၊ ယစ်မျိုးအပေါ် ဖြစ်နိုင်သမျှ အခွန်တိုးမြှင့် ကောက်နိုင်ရေး စသည့်ယစ်မျိုးမူဝါနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မော်လိုက်သားလေး