မော်လိုက်  ၂၁ နိုဝင်ဘာ    

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဖြန့်ဝေရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းနှင့် ဝန်ထမ်းများက မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် လူစည်ကားရာ မြို့မဈေးကြီးတို့တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မော်လိုက်သားလေး