မော်လိုက် ၁၆ ဖေဖေါ်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရှိပြီး တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ငန်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် အိမ်တွင်းမှုသင်တန်းအနေဖြင့် ဆပ်ပြာခဲ ဆပ်ပြာရည် ခေါင်းလျှော်ရည် ဖော်စပ်နည်း သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း အိမ်တွင်းမှု အတတ်ပညာ သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေထံမှ သိရသည်။
အဆိုပါ ဆပ်ပြာခဲ ဆပ်ပြာရည် ခေါင်းလျှော်ရည် ဖော်စပ်နည်းသင်တန်းသို့ မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး