မော်လိုက် ဇူလိုင်  ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်၊ သူနာပြုများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်မှုဖြင့် မော်လိုက်မြို့ပေါ်ရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပုံမှန်အခြေအနေရှိသူများအား တပ်မတော်ဆေးတပ်ဖွဲ့မှ သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

 

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအနေဖြင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း (၈၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့တွင် လူဦးရေ(၆၀)အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

မော်လိုက်သားလေး