မော်လိုက် ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် မိုးစပါးအပြီး ဆောင်းသီးနှံအနေဖြင့် ဖရဲသီး၊ သရက်၊ ပိန္နဲ၊ မာလကာ စသည့်သီးနှံများထဲမှ တောင်သူများအနေဖြင့် ဖရဲသီးကိုသာ အဓိကအားထား စိုက်ပျိုးခဲ့ကြရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးကွက်မရှိခြင်း၊ ပြည်ပသို့တင်ပို့ရာတွင် သွားလာရေး အဆင်မပြေခြင်း၊ ကုန်စည်သယ်ဆောင်ခ မြင့်တက်ခြင်း၊ ဝယ်လိုအားမရှိခြင်းများကြောင့် ဖရဲသီးရောင်းအားများ ကျဆင်းကာ အရှုံးပေါ်နေကြရကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် ဆောင်းသီးနှံအနေဖြင့် စပါးအပြီး ဖရဲသီးကိုသာ အများစုစိုက်ပျိုးကြရာတွင် မိမိ မြို့နယ်တွင်း ရောင်းချရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများသာ အများစုရှိပြီး၊ စီးပွားဖြစ်စိုက်ပျိုးသူ နည်းပါးကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးကွက်များ မရှိခြင်း၊ လုပ်ငန်းများ ရပ်နားထားခြင်း၊ ပွဲလမ်းသဘင်များ မပြုလုပ်ရခြင်း၊ ခရီးသွားပြည်သူများန ည်းပါးခြင်းတို့ကြောင့် ဖရဲသီးစိုက် တောင်သူများအနေဖြင့် ရောင်းအားများကျဆင်းကာ အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်းနှင့် မော်လိုက်မြို့နယ်တွင် ဖရဲသီးစိုက်ပျိုးသူသည့် တောင်သူ ၈၀ ဦးခန့်ရှိပြီး ဖရဲစိုက်ဧက ၆၀ ကျော် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး


