မော်လမြိုင် ဇူလိုင် ၆
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီး၌ ကျောက်ကပ်တု သွေးသန့်စင်ဌာန ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ မွန်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် ဆေးရုံအုပ်ကြီးတို့က ကျောက်ကပ်တု သွေးသန့်စင်ဌာနအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ နန္ဒဝင်းက ကျောက်ကပ်တု သွေးသန့်စင်စက်နှင့် ရေသန့်စက် တစ်ဦးတည်းအလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကျောက်ကပ်တု သွေးသန့်စင်ဌာနအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)