မော်လမြိုင် ဒီဇင်ဘာ ၆

 

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မော်လမြိုင်-ရန်ကုန်နှင့် ကော့သောင်း-မော်လမြိုင် ခရီးစဉ်ကို ဒီဇင်ဘာ ၅ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လေကြောင်းခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး မော်လမြိုင်မှ ရန်ကုန်သို့ နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၁၄၇၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် ဒေါ်လာ ၁၂၀၊ ကော့သောင်းမှ မော်လမြိုင်သို့ နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၁၇၇၀၀၀ သတ်မှတ်ထားကြောင်း၊ ရန်ကုန် - ကော့သောင်း - မော်လမြိုင် - ရန်ကုန် လေကြောင်းခရီးစဉ်သာ ပြေးဆွဲခြင်းဖြစ်ပြီး ရန်ကုန်မှ မော်လမြိုင် ခရီးစဉ် ပြေးဆွဲမှုမရှိသေးကြောင်း၊ ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူရာတွင် နိုင်ငံသား စိစစ်ရေး ကတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ် ပြသဝယ်ယူရမည်ဖြစ်ပြီး မော်လမြိုင်မှ ရန်ကုန်သို့ သွားရောက်မည့် လေယာဉ်စီး ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်များကို မော်လမြိုင်မြို့၊ သစ်တောရုံးလမ်း၊ မောရဝတီပန်းခြံအနီးရှိ လေယာဉ်လက်မှတ် အရောင်းဌာနတွင် ဝယ်ယူနိုင်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 

စည်သူ(ပြန်/ဆက်)