သထုံ   ၄  ဇန်နဝါရီ  


သထုံမြို့နယ် နောင်ကုလားအလယ်ရွာမြောက်ပိုင်း မိုင်တိုင်အမှတ် (၁၃၃/၁၂)နီး ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မော်လမြိုင်-ရန်ကုန်သို့မောင်းနှင်သော အမှတ်(၉၀) အစုန်ရထားနှင့် သုံးဘီးဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ်(၁၃၃/၁၂)အနီးတွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ စက်ခေါင်းမောင်း ဦးအောင်မြင့်ဆွေ မောင်းနှင်သည့် စက်ခေါင်းအမှတ် DF 1332 အမှတ်(၉၀)အစုန် လူစီးအမြန်ရထားမှာ မောင်းနှင်လာစဉ် နောင်ကုလားအလယ်ရွာ မြောက်ပိုင်းမှ လယ်ကွင်းထဲသို့ စိုးမင်းသူ မောင်းနှင်ပြီး ၊ ဦးသန်းဝင်း  လိုက်ပါစီးနင်းလာသော သုံးဘီးခဲရောင် ယာဉ်မှ နောင်ကုလား အလယ်ရွာမြောက်ပိုင်းမှ လယ်ကွင်းထဲသို့ ဖြတ်မောင်းစဉ် ရထားနှင့် သုံးဘီးဆိုင်ကယ်ဘေးအား တိုက်မိပြီး သုံးဘီးမောင်းနှင်သူ စိုးမင်းသူတွင်  ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။  ဦးသန်းဝင်းတွင် ပြင်ပဒဏ်ရာမရရှိဘဲ ခေါင်မူးနောက် အော့အန်သဖြင့် သထုံခရိုင်ဆေးရုံကြီး၌ အတွင်းလူနာ (စိုးရိမ်ရ) ဖြင့် ဆေးကုသနေပြီး သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ယာဉ်မောင်း စိုးမင်းသူကို သထုံမြို့မစခန်းတွင် အရေးယူထားကြောင်း သိရသည်။


လှိုင်ထွန်းအောင်(သထုံ)