မော်လမြိုင် ၂၁ မတ်
မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့ရှောင်လမ်း မော်လမြိုင်ဘူတာကြီးတွင် မတ် ၂၁ ရက်နေ့ နံနက် ၇ နာရီက အမှတ်(၉၀)အစုန် မော်လမြိုင်-ရန်ကုန် အမြန်လူစီးရထားအား လာရောက်စီးနင်းကြသည့် ခရီးသည်များနှင့် ခရီးသည်များ ကြိုပို့ရန် ရောက်ရှိနေကြသော ပြည်သူများကို မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူများနှင့် အဖွဲ့သည် မုတ္တမမြို့ မီးရထားဆေးရုံမှ သူနာပြုဆရာမများနှင့် ပူးပေါင်း၍ Covid- 19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာဖြင့် တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် ဆေးကြောခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခရီးသွားပြည်သူများ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လက်များဆေးကြောနိုင်ရန် မော်လမြိုင်ဘူတာကြီး (၁)အတွင်း၌ လက်ဆေးကန်(၄) ခုနှင့် လက်သန့်ဆေးရည်များကို နေ့စဉ် ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွဋ်(မော်လမြိုင်)


