မော်လမြိုင်  ၄  စက်တင်ဘာ  

    
မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် စိန်ခရင်းကျောင်းတိုက်၌ ယာယီခိုလှုံနေသော လေဘေးသင့် အိမ်ထောင်စုများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၃ ရက် ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

1

 


ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၁၃၄၇၆၀ဝ နှင့် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၁၃၄၇၆၀ဝ တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


ကျန်ရှိသည့်ရပ်ကွက်များမှ လေဘေးသင့် အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)