မော်လမြိုင် ၃၀ အောက်တိုဘာ
မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဌေးဝင်း၊ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှမင်းဇော်နှင့် အဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီမြို့၊ အောင်သုခဆိပ်၌ ကမ်းဝေးငါးဖမ်းလှေများ VMS အမှတ်တံဆိပ်ကပ်ခြင်းအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် အဖွဲ့သည် ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာရှိ မြစိမ်းရောင် (ငါးကဏ္ဍ)ကျေးရွာကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီးနောက် ဂျိုင်းမြစ်အတွင်း၌ ရေလုပ်သားငါးဖမ်းဆီးမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့တွင် ချောင်းဆုံမြို့နယ်၊ ဆယ်ပလာရွာရှိ ကျားပိုက်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန


