မော်လမြိုင်ကျွန်း  ဩဂုတ် ၈

 

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကုတင် ၁၀၀ ဆေးရုံကြီးတွင် အသုံးပြုရန် 10 liter oxygen concentrator ၁၀ လုံး၊ dead body အိတ်အလုံး ၁၀၀ နှင့် အမှိုက်အိတ် အလုံး ၆၀၀ လှူဒါန်းပွဲကို အဆိုပါဆေးရုံကြီး၏ ရုံးခန်းမဆောင်တွင် ယနေ့နံနက် ၁၁ နာရီ က ကျင်းပခဲ့သည်။

အဆိုပါ 10 liter concentrator ၁၀ လုံးအတွက် အလှူရှင်များမှာ မြို့နယ် အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီ ငါးလုံး၊ ဟာဂျီဦးညွှန့်လွင်+ဟာဂျီမဒေါ်ညိုညို (ထိပ်တန်းဆန်စက်နှင့်ပွဲရုံ လုပ်ငန်း) နှစ်လုံး၊ ဝါယုဒါနအောက်စီဂျင်ကူညီရေးအသင်း တစ်လုံး၊ ဦးသိန်းစိုးဦး+ဒေါ်အေးအေးခိုင် (တိမ်တံခွန်ဆန်စက်) တစ်လုံး၊ ဦးဇော်နိုင်ထွေး+ဒေါ်ဌေးဌေး (ဧကရာဇ်ဆန်စက်) တစ်လုံးတို့ဖြစ် ကြောင်း သိရှိရသည်။

ဆက်လက်ပြီး dead body bag အလုံး ၁၀၀၊ အမှိုက်အိတ်အလုံး ၆၀၀ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် အလှူရှင်များက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းထံသို့ ပေးအပ်လှူဒါန်း ကြောင်း သိရှိရသည်။

 

အောင်အောင်(ပြန်/ဆက်)