မော်လမြိုင်ကျွန်း ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ထိပ်တန်းဆန်စက်လုပ်ငန်းရှင်မှ ဆန်တစ်ပြည် ၂၅၀ဝ ကျပ်ဖြင့် ဆန်အိတ်ပေါင်း၂၀၀ဝ ခန့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နှံကားရှယ်ဆန်တစ်အိတ်ကို လက်ရှိရောင်းဈေးနှင့် နှစ်သောင်းကျော်ခန့် ဈေးလျှော့ကာ အိမ်ထောင်စုတစ်စုကို ဆန်ရှစ်ပြည်နှုန်း ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ထောင်စု ၄၈၇၁ ဦးကို ဆန်အိတ်ပေါင်း ၂၀၀၀ ဝန်းကျင်ခန့် ရောင်းချပေးခဲ့ကြောင်း ထိပ်တန်းဆန်စက်လုပ်ငန်းရှင် ဦးညွန့်လွင်ထံမှ သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)