မော်လမြိုင်ကျွန်း ဇူလိုင် ၁၀
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာနနမှ အမှု့ဆောင်အရာရှိ ဦးမင်းဇော် ကြီးကြပ်ဦးဆောင်သော စည်ပင်သာယာရေးအဖွဲ့ဝင်များ သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အဝင်အထွက် လမ်းမကြီး ဘေး ဝဲ၊ယာ တစ်လျှောက်နှင့် ၁၁ လမ်းမကြီးတစ်လျှောက် အဖွဲ့ခွဲ့၍ မြက်ပင်၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စုပေါင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်းကို မြို့နယ်တွင်း နေရာများခွဲ၍ အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်သွားမည်ဟု သိရှိရသည်။
သီတာအောင်(ပြန်/ဆက်


