မော်လမြိုင်ကျွန်း ဩဂုတ် ၂၄
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပင်စင်စားဝန်ထမ်းများအား ဩဂုတ် ၂၄ ရက်နံနက်ပိုင်းက မြို့နယ် စီးပွားရေး ဘဏ်ခွဲတွင် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် သြဂုတ် ၃၁ ရက်အထိ ရုံးပိတ်ရက်ရှည် ခံစားခွင့်ပေးထားသော်လည်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအနေနှင့် ပင်စင်စား အငြိမ်းစား ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ လစာငွေများထုတ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် (၁၄) လမ်း အ-မ-က ကျောင်းတွင် နေရာထိုင်ခင်းများ စီစဉ်ထားရှိပေးပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပင်စင်စားဝန်ထမ်းများ နားနားနေနေ စောင့်ဆိုင်းပြီး ပင်စင်လစာငွေများကို အလှည့်ကျအဆင်ပြေစွာ ထုတ်ယူရရှိလျက် ရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


