mdn

မော်လမြိုင်ကျွန်း   အောက်တိုဘာ   ၁၇

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်သား၊ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီမှ စတင်၍ တောရအခြေခံပညာ အလယ်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်တွင် အသက်(၁၂)နှင့်အထက် ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၇၀၈ ဦးရှိပြီး ဆေးထိုးစုရပ် ၄၄ နေရာတို့တွင် ကာကွယ်ဆေးထိုးအဖွဲ့ ၁၃ ဖွဲ့က ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)