မော်လမြိုင်ကျွန်း၊ ၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် မော်လမြိုင်ကျွန်းမြို့မှ အခြေခံစားကုန် ပစ္စည်းမျိုးစုံတို့ကို ကျေးရွာများသို့ အချိန်မီ သယ်ယူရောက်ရှိစေရေးအတွက် ပေ ၂၀ အောက် ရေယာဉ်ငယ်များနှင့် ပဲ့ထောင်ရေယာဉ်ငယ်တို့ဖြင့် မော်လမြိုင်ကျွန်းမြို့သို့ နံနက်စျေးအမီ ဆိုက်ကပ်ရောက်ရှိကြသည်။
ယင်းကုန်စည်သယ်ယူပို့ဆောင်ရေး ရေယာဉ်ငယ်များနှင့် ပဲ့ထောင်ရေယာဉ်ငယ်များသည် မော်လမြိုင်ကျွန်းမြို့ အနောက်ပိုင်း ဗိုလ်ချုပ်စျေးပတ်ဝန်းကျင် ဆိပ်ကမ်းများ၊ မြို့တောင်ပိုင်း ၁၅ လမ်းမကြီးတစ်လျှောက်ရှိ ဆိပ်ကမ်းများနှင့် မြို့အရှေ့ဘက် သောင်တိုးမြေတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် နံနက်ပိုင်း၌ ဆိုက်ကပ်ရောက်ရှိကြပြီး အခြေခံစားကုန်ပစ္စည်းများကို ရေယာဉ်များပေါ်သို့ သယ်ယူ၍ နေ့လယ် ၁၂ နာရီနောက်ဆုံးထားပြီး ကျေးရွာများသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဆိုပါ ကုန်စည်သယ်ယူပို့ဆောင်ရေး ရေယာဉ်ငယ်များဖြင့် မော်လမြိုင်ကျွန်းမြို့သို့ စျေးဝယ်လိုက်ပါလာကြသော ဒေသခံပြည်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များကို လိုက်နာပြီး ကျေးရွာထောက်ခံချက်များ၊ ကျန်းမာရေးထောက်ခံများကို ယူဆောင်ပြီး မော်လမြိုင်ကျွန်းမြို့၌ အပြင်သို့သွားရောက်ကြရာတွင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာအကွယ် တပ်ဆင်သွားလာလျက် ရှိကြသည်။
မော်ကျွန်း (မြင့်အောင်)


