မော်လမြိုင်ကျွန်း မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော တယ်ချောင်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာအုပ်စု၊ မှန်ကူကနစိုချောင်းကျေးရွာအုပ်စုနှင့် ကြပ်စဉ်ချောင်းကျေးရွာအုပ်စုတို့မှ ဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို မေ ၄ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်သည်။

အဆိုပါထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းထက်မှူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု လေးအုပ်စုရှိ ပြိုကျပျက်စီးခဲ့သော နေအိမ် လေးလုံး၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ် ငါးလုံး၊ အိမ်ထောင်စု ကိုးစုမှ ဘေးသင့်ပြည်သူ ၃၁ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ လေးပုံး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ၅၇၀၀၀ဝ၊  ဆန်ရိက္ခာ ခုနစ်ရက်စာတန်ဖိုး ၆၅၁၀ဝ စုစုပေါင်း ငွေကျပ် ၆၃၅၁၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်