မော်လမြိုင်ကျွန်း၊ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနများအဖြစ် အ.ထ.က(၁)၊ အ.ထ.က(ကြောင်ထောက်)၊ အ.ထ.က(ပျားမွတ်လျှော်ချောင်း)၊ အ.ထ.က(အောက်မအူတုံး)၊ အ.ထ.က(ကျော်ဇံ)၊ အ.ထ.က(ကျိုက်ပိ)၊ အ.ထ.က(လှိုင်းဘုန်း) စသည့် စာစစ်ဌာန(၇)ခုဖြင့် စာမေးပွဲကျင်းပလျက်ရှိပြီး ရူပဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် ရူပဗေဒဘာသာရပ်တွင် ဝင်ရောင်ဖြေဆိုသူစာရင်းရှိ ၈၆၇ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၇၉၁ ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူ ၇၆ ဦးရှိကြောင်း၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကြီးကြပ်မှု ကော်မတီဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)