မော်လမြိုင်ကျွန်း၊ ၁၇ ဒီဇင်ဘာ

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်ခြောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Ajinomoto ဟင်းခတ်အချိုမှုန့်များနှင့် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော မုန့်ဆိုင်များမှ စားသောက်ကုန်နှင့် မုန့်မျိုးစုံပစ္စည်းများ၌ တံဆိပ်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်ဈေးနှင့် အမှတ်(၁၂) ရပ်ကွက်အတွင်းရှိဈေးဆိုင်များတွင် လိုက်လံစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရေးအတွက် ပစ္စည်းတံဆိပ်များ မှန်ကန် မှုရှိမရှိ၊ ကုန်အညွှန်းတံဆိပ်များ မှန်ကန်စွာရေးသားထားမှုရှိမရှိ စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်း ရောင်းချသူများအနေနှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ ကုန်အညွှန်းတံဆိပ်များ မှန်ကန်စွာဖြင့် ရောင်းသူ ဝယ်သူအဆင်ပြေစွာသုံးစွဲရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်၊  မြို့မကျန်းမာရေးမှူး ဦးဇော်မြင့်နှင့် ဦးစိုးဘိုဘိုထွန်း  (ဈေးတာဝန်ခံ)နှင့်အဖွဲ့များမှ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)

 

mdn