မော်လမြိုင်ကျွန်း ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ သင်္ကြန်ကာလ အတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာလှူဒါန်းသည့်မဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းလမ်းမကြီးပေါ်တွင် စည်းကာသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ကျင်းပပြုလုပ်ရာတွင် ဗဟိုမဏ္ဍပ်အပါအဝင် အခြားသောမဏ္ဍပ်များတွင် အဆိုတော်များ၊ တေးဂီတဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန် ယိမ်းအကအဖွဲ့များ သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာနေ့စဉ်စတုဒီသာများကျွေးမွေးခြင်းဖြင့် ပျော်ရွှင်စွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်ချမ်းမြေ့ စေရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ်၌ မင်းလမ်းဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့် ပြီးစီး မှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ(ကိုယ်စား) ဒုတိယ မြို့နယ်အုပ်ချုပ်ရေး ဦးသက်နိုင်ထွေးနှင့် အဖွဲ့ဝင်များကမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းအလိုက် အနီးကပ်ကြီးကြပ်၍ ရေကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအဖွဲ့များဖြင့် ကပြခြင်း၊ စတုဒီသာကျွေးမွေးဧည့်ခံခြင်းများဖြင့် ရိုးရာအစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)