မော်လမြိုင်ကျွန်း ၁၅ ဇွန်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင်၂ဝ၂၀-၂၀၂၁ ပညာသင်နှစ် မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမများအား Grade 4 face to face ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်သည်။
သင်တန်း တက်ရောက်ပြီးပါက ဆရာ၊ဆရာမများမှ အရည်အသွေး ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် ဘာသာရပ်များအလိုက် လက်တွေ့နယ်ပယ်တွင် ကောင်းမွန်သော အတွေးအခေါ်များ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးထွန်ထွန်းဦးကပြောကြားသည်။
အဆိုပါ သင်တန်းအား ကိုဗစ်ကာလအတွင်း ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် လက်ဆေးရန် စီစဉ်ပေးထားခြင်း၊ သင်တန်းသားသင်တန်းသူများမှ mask တပ်ဆင်ခြင်းများဖြင့် စနစ်တကျ သင်ကြားလျှက်ရှိပြီး ဇွန်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်သည်။
သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅၄၀ တို့ အား သင်တန်းနည်းပြဆရာ၊ဆရာမ(၁၅၄)ဦးတို့မှ အထက (၁)၊ အထက(၂)နှင့် မြို့မအလက ကျောင်းတို့တွင် အခန်းခွဲ (၇၇)ခန်းခွဲ၍ သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သီတာအောင်( ပြန်ဆက်)


