မော်လမြိုင်ကျွန်း   ၉   ဇူလိုင်

 

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့ နံနက်၈နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဆောင်ရွက်သည်။

 

မြို့နယ်အတွင်းရှိ အိမ်မွေးခွေး၊ကြောင် ကောင်ရေ ၃ဝဝ အားတိရစ္ဆာန် ချစ်သူပြည်သူများအ‌နေဖြင့် ကာကွ‌ယ်ဆေး ထိုးနှံခြင်း အသိပညာကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်စေရေး အတွက်နမူနာပြ အခမဲ့ ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက ပြောသည်။

 

mdn

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေယံထွန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်သိန်း ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အိမ်မွေး တိရစ္ဆာန် ကောင်ရေ (၁၀ဝ)ခန့်အား ကာကွယ်ဆေး ထိုးနှံပေးပြီး ရပ်ကွက်အတွင်းသို့ ဝန်ထမ်းများမှ လှည့်လည်၍ ကောင်ရေ (၃ဝဝ) ပြည့်မီ အောင်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သီတာအောင်(ပြန်ဆက်)