မော်လမြိုင်ကျွန်း၊   ၆    ဇန်နဝါရီ

 

မော်လမြိုင်ကျွန်းမြို့နယ်တွင်  ဇန်နဝါရီ   ၆   ရက် မွန်းတည့် ၁၂ နာရီက  မြို့နယ်ခုတင် (၁ဝဝ) ဆေးရုံကြီးမှ အတည်ပြုပိုးတွေ့လူနာ (၅)ဦးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြုပိုး‌တွေ့လူနာ (၁၅)ဦး စုစုပေါင်း(၂၀) တို့သည်  ဆေးကုသမှုခံယူပြီး (၁၁)ရက်ပြည့်မြောက်သဖြင့် ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

 

1212

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အထိ    ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ(၄၉၃) ဦး၊ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း(၄၇ဝ) ရှိပြီဖြစ်ပြီး    ခုတင်     (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့တွင်ဆေးကုသမှုခံယူဆဲ (၁၇)ဦးသာ ကျန်ရှိသည်။ရောဂါအခံရှိသူ(၄)ဦး သေဆုံးခဲ့သည်။

 

မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့်       ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးဆက်မှုမပြန့်ပွားစေရန်အတွက် ရောဂါအတည်ပြုလူနာများရှိသည့် ရပ်ကွက်နှင့် ကျေးရွာများကို လိုအပ်ပါက Stay at Home သတ်မှတ်နိုင်ရန် သက်ဆိုင်ရာအထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအနေနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက mask တပ်ရန်၊ လူစုလူဝေးရှောင်ရှားရန်တို့ကို နေ့စဉ် လှည့်လည် ကြေညာခြင်း၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့(၆)ဖွဲ့ခွဲ၍ နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သီတာအောင်(ပြန်/ဆက်)