မော်လမြိုင်ကျွန်း  ၁၀   ဧပြီ     

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏   Volunteers team လူငယ်များအဖွဲ့များမှ မြို့နယ်အတွင်းရှိ ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်လျှက်အသိပညာပေးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၀ ရက်နေ့၊ နံနက်  ၈နာရီက   မြို့အဝင်စစ်ဆေးရေးဂိတ်မှစတင်၍ မြို့နယ်အတွင်းရှိလူစည်ကားရာနေရာများ၊ လမ်းဆုံများ၊ ဈေးများသို့သွားရောက်၍ မြို့နယ်နေပြည်သူများ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးပါသီချင်းဖြင့် ပညာပေး တေးသရုပ်ဖော်ကပြဖျော်ဖြေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်အောင် (ပြန်/ဆက်)