မော်လမြိုင်ကျွန်း   နိုဝင်ဘာ   ၂၃

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဆောင်ရွက်သည့်  ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ်ဆောင် ရွက်သည်။

 

အဆိုပါသင်တန်းအား သင်တန်းသား ၂၀ ဖြင့်   နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကာလ ၂ ရက်တာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းတွင် မွေးမြူရေးလုပ်ကိုင်သူ တောင်သူများမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း သိရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာအသိပညာများ ပိုမိုသိရှိလာနိုင်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွဲဝေချထားသောရန်ပုံငွေဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူဝင်းထံမှ သိရသည်။

  

အောင်အောင်(ပြန်/ဆက်)