မော်လမြိုင်ကျွန်း ၁၇ ဇွန်
မော်လမြိုင်ကျွန်းမြို့နယ် ရှောက်ချောင်းကျေးရွာအုပ်စု ဆင်မဝဲချောင်းကျေးရွာ၌ ဇွန် ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံး၊ အိမ်ထောင်စု တစ်စုမှ ဘေးသင့်ပြည်သူ သုံးဦးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ (၁)ပုံး၊ အိမ် ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀၀ နှင့် ဆန်ရိက္ခာ ခုနစ်ရက်စာဖိုး ငွေကျပ် ၆၃၀၀ စုစုပေါင်း ငွေကျပ် ၁၀၆၃၀၀ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော Hngiene Kit (1) kit , Diginity kit (1) kit , Rope Nylon (1) pcs, Plastic bucket (1) PC’s အစရှိသော ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာလှဟန်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ် တပ်ဖွဲ့မှူး ဦးကောင်းမြတ် ဦးဆောင်သောအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


