မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောက်မအူတုံးကျေးရွာအုပ်စု၊ ညောင်လိန်ကျေးရွာတွင် ဒီဇင်ဘာလ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့်ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၅) ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ ၀၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀ဝ၊  ဆန်ရိက္ခာ(၇)ရက်စာဘိုး ၁၀၅၀ဝ ကျပ်၊ စုစုပေါင်း ငွေကျပ် ၁၁၀၅၀ဝ  အား  ရပ်ကျေးစာရေးတို့နှင့်အတူ ဘေး သင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)