မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်  

မော်လမြိုင်ကျွန်း ၁၉  မတ်
     

ဧရာဝတီတိုင်းဒေသကြီး၊  လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ပူးပေါင်းစီစဉ်သော နွေရာသီအားကစား သင်တန်းများဖြစ်သည့် ဘောလုံးအခြေခံသင်တန်း၊ ကရာတေးဒို၊ Myanmar Fit-ness Dance သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
     

အဆိုပါ သင်တန်းများတွင် ဘောလုံးအခြေခံသင်တန်းအား မြို့မဘောလုံးအားကစားကွင်းကြီး၌ မတ်လ ၂၁ ရက် နံနက် ၇ နာရီတွင် မြန်မာ့လူငယ်လက်ရွေးစင်နည်းပြ ဆရာကြီး ဦးကျော်မြင့်ကိုယ်တိုင်ဦးစီးသင်ကြားပေးမည် ဖြစ်သည်။


ထို့အပြင် ကရာတေးဒိုသင်တန်းအားမြို့နယ်အား ပြိုင်ပွဲရုံသစ်ကြီးတွင်  မတ်လ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် စတင်သင်ကြားပေးမည်ဖြစ်ကာ Myanmar Fitness Dance သင်တန်းအား ဧပြီလ ၃ ရက်နေ့တွင် မြို့နယ်အားကစားပြိုင်ပွဲရုံသစ်ကြီးတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
   

အထက်ဖော်ပြပါ သင်တန်းများကို ကျားမမရွေး မည်သူမဆိုတက်ရောက်နိုင်ပါကြောင်းနှင့် စိတ်ပါဝင်စားသူများအနေနှင့် မြို့နယ်မော်ရွှေဝါအားကစားခန်းမတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
                                   

အောင်အောင်(ပြန်/ဆက်)