မော်လမြိုင်ကျွန်း ၁၂ ဇန်နဝါရီ

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဦးဓမ္မသဘင်အဖြစ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (PH.D) အဂ္ဂမဟာပဏ္ဍိတ(သ-စ-အ) ဓမ္မာစရိယပါဠိပါရဂူရှင်သူမြတ်ကြီး၏  နိဗ္ဗာန်ရောက်ကြောင်း ဓမ္မပူဇာတရားပွဲတော်ကို ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီတွင် သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်း၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါဓမ္မသဘင်တွင် ဆရာတော်ဟောကြားတော်မူသော ဝိသာခါ၏ ဘိုးဘွားများနှင့် သူတို့၏အစွမ်းတန်ခိုးများ တရားတော်အား မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် တရားနာပရိတ်သတ် စုစုပေါင်း ၂၀ဝ၀ဝ ကျော် တက်ရောက်နာယူကြပြီး သဒ္ဒါကြည်ဖြူပေးလှူပူဇော်သော ဓမ္မပူဇာအလှူငွေကျပ် ၉၀ဝ၀၅၇၅၅၀ အား အလှူခံရရှိတော်မူကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)