မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်၉ရပ်ကွက် တိုးချဲ့လမ်းများမှ အိမ်ထောင်စုများအား အခြေခံစားကုန်ပစ္စည်းများထောက်ပံ့ လှူဒါန်းပွဲကို စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့ တိုးချဲ့ကန်သာယာလမ်းနေ ဦးကျော်ကျော်နှင့် ဒေါ်မြင့်မြင့်အောင် မိသားစုနေအိမ်ရှေ့၌ ကျင်းပသည်။

ရန်ကုန်မြို့နေ ဒေါ်မိမိ မိသားစုများနှှင့် မော်လမြိုင်ကျွန်းမြို့နေ ညီမများက ဆန်၊ ဆီ  ဘဲဥ နှင့် ကြက်သွန် အပါအဝင် စားသုံးကုန်ပစ္စည်း တန်ဖိုးကျပ် ၅ထောင်ကျော်ကို အိမ်ထောင်စု၁၀၀ ကျော်တို့အား ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

အဆိုပါ မော်လမြိုင်ကျွန်းမြို့ရပ်ကွက်များရှိ ဒေသခံပြည်သူများအား အနယ်အရပ်ရပ်မှ အလှူရှင် မိသားစုများက လမ်းအလိုက်ရပ်ကွက်အလိုက် အခြေခံစားကုန်ပစ္စည်းများအား အလှည့်ကျ လာရောက် ထောက်ပံ့လျက် ရှိသည်။

မော်ကျွန်းမြင့်အောင်